မင်းလှမြို့နယ် သံပုရာကန် အခြေခံပညာမူလတန်းလွန်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောပွဲ ကျင်းပ

အထက်မင်းလှ ဖေဖော်ဝါရီ ၁၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရေး ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောပွဲကို  ယနေ့နံနက်(၈)နာရီခွဲက သံပုရာကန်ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာငြိမ်းက မူးယစ်‌ဆေးဝါးအန္တရာယ်အကြောင်းအရာများ၊ လူကုန်ကူးမှုအန္တရာယ်အကြောင်းအရာများ၊ စာဖတ်ခြင်းဖြင့်ရရှိသော အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလေးများ ဉာဏ်စွမ်းရည်ဖွံ့ဖြိုးစေရေးနှင့် စာဖတ်သည့် အလေ့အကျင့်ရရှိစေရန်၊ မူးယစ်ဆေးဝါးအန္တရာယ် လူကုန်ကူးမှုအန္တရာယ် အသိပညာပေး၊ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ လိုက်နာဆောင်ရွက်သင့်သည့် အချက်များစသည့်  နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)