ကျိုင်းတုံ ဖေဖော်ဝါရီ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် လူငယ်ရေးရာနှင့် အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့က မိုင်းခွန်ကျေးရွာအုပ်စု၊ ဝမ်အွယ်အခြေခံပညာ စက်မှု စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ကျိုင်းတုံမြို့နယ်အားကစားမှူး ဦးစိုင်းသိန်းထွန်းက လူငယ်/လူရွယ်များ ငယ်စဉ်အချိန်မှစ၍ လမ်းမှားသို့ မရောက်ရှိစေရေးအတွက် အားလပ်ချိန်များတွင် အားကစားကို လုပ်ဆောင်စေလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်များ ပေါ်ပေါက်လာစေရေး စသည့် လူငယ်ရေးရာနှင့်အားကစားဆိုင်ရာ အသိပညာပေးအကြောင်းအရာများ ဟောပြောပြီး ကျောင်းအတွက် ဘောလုံး၊ ဘော်လီဘော်၊ ခြင်းလုံး အစရှိသည့် အားကစားပစ္စည်းများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)