ဗိုလ်တထောင်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ မူကြိုကလေးများ၊ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ အခမ်းအနား ကျင်းပ

ပုဇွန်တောင် ဖေဖော်ဝါရီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ မူကြိုကလေးများ၊ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပုဇွန်တောင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုဆွေနှင့် အဖွဲ့ဝင်များ၊ ဗိုလ်တထောင်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းကြည်နှင့် အဖွဲ့ဝင်များ၊ ဗိုလ်တထောင်ခရိုင်အတွင်းရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန အမှတ်(၂)မူလတန်းကြိုကျောင်းအုပ်နှင့် ရင်သွေးငယ်များ၏ မိဘများ တက်ရောက်ခဲ့ကြသည်။

ဗိုလ်တထောင်ခရိုင်အတွင်းရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးမူကြိုကျောင်းများမှ မူကြိုရင်သွေးငယ်လေးများက အာလူးကောက်ပြိုင်ပွဲ၊ ဘောလုံးဖောက်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ A to F အင်္ဂလိပ်အက္ခရာပြိုင်ပွဲ၊ က မှ ဆ အထိ မြန်မာအက္ခရာရွတ်ဆိုပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုဆွေနှင့် အဖွဲ့ဝင်များ၊ ဗိုလ်တထောင်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းကြည်နှင့် ဗိုလ်တထောင်ခရိုင်အတွင်းရှိ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌများမှ ပါဝင်ယှဉ်ပြိုင်ကြသော မူကြိုရင်သွေးငယ်လေးများအား အမှတ်တရလက်ဆောင်များနှင့် အာဟာရဖြည့်စွက်အစားအစာများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဟန်စုယဉ်