ကျေးသီးမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များ၌ စက်သုံးဆီရောင်းချနေမှုများအား ကွင်းဆင်းစစ်ဆေး

ကျေးသီး ဖေဖော်ဝါရီ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့၌ စက်သုံးဆီအရောင်းဆိုင်များအတွင်း ဓာတ်ဆီ၊ စက်ဆီဈေးနှုန်းများ ပုံမှန်ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်(၁၀)နာရီခွဲက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျေးသီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နောင်ဖြူနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများတို့ ပူးပေါင်း၍ ကျေးသီးမြို့အတွင်း ဓာတ်ဆီ၊ စက်ဆီများ ပုံမှန်ရောင်းဝယ်မှုရှိစေရေး၊ ဓာတ်ဆီများ ဝယ်ယူရောင်းချရာတွင် စည်းကမ်းသတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိ/မရှိ၊ လျှပ်စစ်ပစ္စည်း တပ်ဆင်အသုံးပြုထားရှိမှု၊ စက်သုံးဆီသိုလှောင်ကန်များ စနစ်တကျထားရှိမှု ရှိ/မရှိ စစ်ဆေးခြင်း၊ မီးဘေးလုံခြုံမှုရှိစေရေးအတွက် မီးသတ်ဆေးဘူးများကောင်းမွန်မှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် လိုင်စင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြီးကြပ်စစ်ဆေးကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းနှင့် ကျေးသီးမြို့အတွင်းရှိ စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီ၊ စက်ဆီများကို ပုံမှန်ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

နန်းဗွေခမ်း