သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Feb 15,2025
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးစိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရမည်းသင်းမြို့၊ ဝါတိုးအခြေခံပညာအလယ်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲ ဆောင်ရွက်
Feb 15,2025
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ဝါတိုးအခြေခံပညာအလယ်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယမန်နေ့ နေ့လယ် (၁) နာရီအချိန်တွင် ကျောင်းသား/ သူများ အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများကို ကျင်းပခဲ့သည်။
နေပြည်တော်ကောင်စီဝင် ဦးခင်​မောင်လတ် ဒက္ခိဏသီရိမြို့နယ်၊ ရွှေခဲအင်းကျေးရွာ ရအောင်းချောင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်းနှင့် ​ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကြည့်ရှုစစ်ဆေး
Feb 15,2025
နေပြည်တော်ကောင်စီဝင်  ဦးခင်မောင်လတ်သည်  ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ မွန်းလွဲပိုင်းတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် နေပြည်တော်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် ဒက္ခိဏသီရိမြို့နယ်၊ ရွှေခဲအင်းကျေးရွာအုပ်စု၊ ရွှေခဲအင်းကျေးရွာအတွင်းရှိ ရအောင်းချောင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေမှု၊ ရိုးပြတ်များမီးမရှို့စေရေး၊ သဘာဝ​​မြေဆွေးပြုလုပ်ထားမှုအခြေအနေနှင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အတွက် စိုက်ပျိုးမြေ​အဖြစ် အသုံးပြု၍မရသည့် ​မြေနေရာများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ကယားပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်
Feb 15,2025
ကယားပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာခဲ့ရသောပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရေတာရှည်မြို့နယ်ရှိ CB Bank ၌ ဘဏ်ဝန်ထမ်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်
Feb 15,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ ဘဏ်ဝန်ထမ်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးလောင်မှု ဖြစ်ပေါ်လာလျှင် လုပ်ဆောင်ရမည့် နည်းလမ်းများကို သိရှိစေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က CB Bank ၌ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါတုံ့ပြန်ကာကွယ်ဆေး(OCV)တိုက်ကျွေးခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီးအဆင့် အသိပေးရှင်းလင်းတင်ပြခြင်းအခမ်းအနား ကျင်းပ
Feb 15,2025
မကွေးတိုင်းဒေသကြီးအတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါတုံ့ပြန်ကာကွယ်ဆေး(OCV) တိုက်ကျွေးခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီးအဆင့် အသိပေးရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက မကွေးမြို့နယ် စုပေါင်းရုံးအစည်းအဝေခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ အကြီးအကဲများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ဆေးရုံအုပ်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Feb 15,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နေပြည်တော် အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ကောင်စီရုံး၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ကော့သောင်းမြို့ အ.ထ.က (ဆယ်မိုင်) ကျောင်းတွင် လူငယ်စကားဝိုင်းဆွေး‌နွေးပွဲ ကျင်းပ
Feb 15,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူ လူငယ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကော့သောင်းမြို့ (ဆယ်မိုင်) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စား‌သုံးသူရေးရာဦးစီးဌာနနှင့် ဆရာ၊ ဆရာမများ၊ အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။