ချောက်/လမ်းရွာရေနံမြေ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် CSR လုပ်ငန်းလွှဲပြောင်းပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကျင်းပ

ချောက် ဖေဖော်ဝါရီ ၁၄

ကွေးတိုင်းဒေသကြီး၊‌ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ချောက်/လမ်းရွာရေနံမြေ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် CSR လုပ်ငန်းလွှဲပြောင်းပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ချောက်/လမ်းရွာရေနံမြေ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းကျောင်းတွင် ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး ချောက်/လမ်းရွာရေနံမြေ အထွေထွေမန်နေဂျာ ဦးရဲနိုင်မှ ချောက်/လမ်းရွာရေနံမြေ၏ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် CSR လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့သည့် CSR လုပ်ငန်းများ လွဲပြောင်းပေးအပ်ခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ချောက်/လမ်းရွာရေနံမြေ အထွေထွေမန်နေဂျာ ဦးရဲနိုင်မှ ပေးအပ်ခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကိုယ်စားလှယ်တစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၊ ချောက်/လမ်းရွာရေနံမြေ အထွေထွေမန်နေဂျာ ဦးရဲနိုင်၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးသိန်းဇော်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)