ဟင်္သာတ ဖေဖော်ဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနနှင့် ခမောက်စု ကျေးရွာမီးဘေးလုံခြုံရေးအဖွဲ့တို့ပူးပါင်း၍ ယမန်နေ့နံနက် ၁၀ နာရီက လေးမျက်နှာမြို့နယ်၊ ခမောက်စုကျေးရွာ၊ စက်ပိုင်း(၂)ရပ်ကွက်၌ မီးခိုးမြူငွေ့ညစ်ညမ်းမှု မရှိစေရန်နှင့် ပဲများ ရိတ်သိမ်းပြီးနောက် ရိုးပြတ်များ မီးရှို့ဖျက်ဆီးမှုမရှိစေရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာ၌ဟင်္သာတခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းက “မီးခိုးမြူငွေ့ ထိန်းချုပ်ရေး အားလုံးပါဝင်ဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်မိုးခိုင်က “ရိုးပြတ်များမီးမရှို့စေရေး”ခေါင်းစဉ်ဖြင့်လည်းကောင်း အသီသီးအသိပညာပေး ဟောပြောခဲ့ ကြသည်။
အဆိုပါဟောပြောပွဲသို့ ဒေသခံပြည်သူ ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနဝန်ထမ်းများက ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာဗဟုသုတများတိုးပွားလာစေရန်နှင့် ကျေးရွာအတွင်း စနစ်တကျ အမှိုက်စွန့်ပစ်မှုရှိစေရန်နှင့် ပလတ်စတစ်ညစ်ညမ်းမှု လျှော့ချသုံးစွဲစေရေးအတွက် “ပလတ်စတစ်၏ကောင်းကျိုးဆိုးကျိုးများ” ခေါင်းစဉ်ဖြင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)