သတင်းများ

ဒလမြို့နယ်၌ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနကျောင်းတွင် မီးဘေးအန္တရာယ်နှင့် သဘာ၀ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်ရေးသရုပ်ပြလေ့ကျင့်
Feb 14,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ မီးဘေးအန္တရာယ်နှင့်သဘာ၀ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွနှင့် မီးငြှိမ်းသတ်ရေးသရုပ်ပြလေ့ကျင့်မှုကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနအဖြစ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
တံတားမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ် ကျင်းပ
Feb 14,2025
ရန်ကုန်တိုင်း‌ဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမတွင် စာပေဝါသနာရှင်များနှင့် (Youth Club) အဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာကောင်းမြတ် ရေးသားသည့် “ပွင့်‌သောပန်းတိုင်းမွှေး‌‌စေလို”  စာအုပ်ဖြင့် ယနေ့နေ့လယ် (၁၀) နာရီ အချိန်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။ ‌
မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၀)(၂/၂ဝ၂၅)သို့ တက်ရောက်မည့် သင်တန်းသားများအား သွားရောက်တွေ့ဆုံ၍ ချီးမြှင့်ငွေပေးအပ်
Feb 14,2025
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် မွန်ပြည်နယ်မှ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၀)(၂/၂ဝ၂၅)သို့တက်ရောက်မည့် သင်တန်းသား(၇၂)ဦးအား ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ နယ်မြေခံသင်တန်းကျောင်း၌ သွားရောက်တွေ့ဆုံခဲ့သည်။
ဒိုက်ဦးမြို့နယ်၊ သစ်တောဦးစီးဌာနမှ မီးခိုး/မြူငွေ့ လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောကျင်းပ
Feb 14,2025
ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် သစ်တောဦးစီးဌာနမှ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဒိုက်ဦးမြို့နယ်၊ ဒိုးတန်းကျေးရွာ၊ ဓမ္မာရုံ၌ "သစ်တောထိန်းသိမ်းရေး၊ ရေသံယံဇာတထိန်းသိမ်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ" အစီအစဥ်ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၊ ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများဟောပြောဆွေးနွေး
Feb 14,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲဝင်ရောက်ဖြေဆိုကြမည့် Geade – 12 ကျောင်းသား/ကျောင်းသူ (၃၃၇၄) ဦးတို့အား ဘာသာရပ် ဆိုင်ရာသိကောင်းစရာများ ဟောပြောဆွေးနွေးခြင်းကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတို့၌ ကျင်းပခဲ့သည်။
ကန့်ဘလူမြို့၌ ဗုဒ္ဓါဘိသေကအနေကဇာတင်နှင့် ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပ
Feb 14,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော် (၂၅)ကြိမ်မြောက် ဗုဒ္ဓါဘိသေက အနေကဇာတင်နှင့် ရေစက်ချမင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၅ နာရီက စေတီတော်လိုဏ်အတွင်း၌ကျင်းပရာ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး မြတ်သူ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ ဂေါပကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။
ကန့်ဘလူမြို့၌ မဟာရွှေစည်ကြီးစေတီတော် (၂၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပ
Feb 14,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ စွမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် (၂၅)ကြိမ်မြောက် မဟာရွှေစည်ကြီးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့်ရေ စက်ချမင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲက အဆိုပါစေတီတော်၌ ကျင်းပခဲ့ကြောင်းသိရသည်။
ပင်လောင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ပြုလုပ်
Feb 14,2025
နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နိုင်ငံသားကောင်းရတနာများဖြစ်သည့် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပပြုလုပ်သော လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။