သတင်းများ

ကလောမြို့နယ်၌ အသက်(၁၅)နှစ်အောက် ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Jul 11,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာ‌ရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်ပညာရေးမှူးဖလား အသက်(၁၅)နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွှဲ (၂)နာရီက မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်တန်းမြို့နယ်၊ အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ
Jul 11,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ သန်လျင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု၀င်ငွေတိုးရေးစီမံကိန်း အစီအစဥ်ဖြင့် အခြေခံ စက်ချုပ်သင်တန်းဆင်းပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ကျောက်တန်းမြို့နယ် စံချိန်မီရပ်ကွက်၌ ကျင်းပပြုလုပ်ခဲ့သည်။
ဝေါမြို့နယ်၌ ပဲခူး-စစ်တောင်းတူးမြောင်းအတွင်း ငါးမျိုးစိုက်ထည့်ပွဲ ကျင်းပ
Jul 11,2026
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ညွှန်ကြားမှုဖြင့် တိုင်းဒေသကြီးအတွင်း ငါးသယံဇာတ ပေါများကြွယ်ဝစေရေး ငါးရိက္ခာဖူလုံစေရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ပေါများစေရေး စသည့်ရည်ရွယ်ချက်ဖြင့် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက ဝေါမြို့ ပဲခူး-စစ်တောင်းတူးမြောင်းတံတားအနီးရှိ ပဲခူး-စစ်တောင်းတူးမြောင်းအတွင်းသို့ ယနေ့နံနက် (၈)နာရီခွဲက ငါးမြစ်ချင်းနှင့် ငါးခုံမသားပေါက်ငါးမျိုးတို့ စိုက်ထည့်ပေးသည်။
ပဲခူးမြို့၊ အခြေခံပညာအထက်တန်းကျောင်းများ၌ အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲများ ကျင်းပ
Jul 11,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးကြူသည် ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ကျောင်းသူများအား ပြည်တွင်းအခွန်များဦးစီးဌာနက ကောက်ခံလျက်ရှိသော အခွန်များအကြောင်းသိကောင်းစရာများခေါင်းစဉ်ဖြင့် ကျောင်းသား၊ကျောင်းသူများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး အမေးအဖြေကဏ္ဍတွင် ဆုရရှိခဲ့သော ကျောင်းသား၊ကျောင်းသူများအား ဆုများချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ (၂၇)ကြိမ်မြောက် မြို့နယ်အဆင့် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ ကျင်းပပြုလုပ်
Jul 11,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ (၂၇)ကြိမ်မြောက် မြို့နယ်အဆင့် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(သာပေါင်း)ရှိ သော်ကဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
စစ်တွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်၊ စာစောင်များ လှူဒါန်း
Jul 11,2026
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် စစ်တွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်၊စာစောင်များလှူဒါန်းပွဲ အခမ်းအနားကို ဇူလိုင် ၉ ရက်နေ့ နံနက်ပိုင်းက စစ်တွေမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြသည်။
ကျိုင်းလပ်မြို့ အခြေခံပညာအထက်တန်းကျောင်း(ဝမ်နတ်)၌ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ် ကွင်းဆင်းဆောင်ရွက်
Jul 11,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဦီးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် အသက် ၁၀ နှစ်ပြည့်ပြီးသူ ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ် ထုတ်ပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ကျိုင်းလပ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း (ဝမ်နတ်)၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
မှော်ဘီမြို့နယ် လူထုအခြေပြုဗဟိုဌာနCommunity Centre ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် ပြပွဲပြိုင်ပွများကျင်းပ
Jul 11,2026
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၌ အာဇာနည်နေ့အထိမ်းအမှတ် အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူထုအ‌‌ခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဇူလိုင် ၈ ရက်နေ့ နေ့လယ်က လူငယ်များစာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် လူငယ်အသိပညာ​ပေးပြပွဲများ ကျင်းပပြုလုပ်ခဲ့သည်။