ဒေးဒရဲမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများအား အသိပညာပေး ဟောပြော
Oct 03,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ယာယီနေရပ်စွန့်ခွာနေရသူများအနေဖြင့် မဲစာရင်းပါရှိရေး၊ ဆန္ဒမဲပေးနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်ကျေးရွာအုပ်စုများတွင် သတ်မှတ်ပုံစံများဖြင့် လျှောက်ထားနိုင်ရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများ ဟောပြောခြင်းကို အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်းက ချောင်းဖျားကျေးရွာ၊ မဟာဗောဓျာရာမဘုန်းတော်ကြီးကျောင်းတိုက်တွင် ကွင်းဆင်းအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။