သတင်းများ

ဝေါမြို့နယ်၌ ပဲခူး-စစ်တောင်းတူးမြောင်းအတွင်း ငါးမျိုးစိုက်ထည့်ပွဲ ကျင်းပ
Jul 11,2026
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ညွှန်ကြားမှုဖြင့် တိုင်းဒေသကြီးအတွင်း ငါးသယံဇာတ ပေါများကြွယ်ဝစေရေး ငါးရိက္ခာဖူလုံစေရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ပေါများစေရေး စသည့်ရည်ရွယ်ချက်ဖြင့် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက ဝေါမြို့ ပဲခူး-စစ်တောင်းတူးမြောင်းတံတားအနီးရှိ ပဲခူး-စစ်တောင်းတူးမြောင်းအတွင်းသို့ ယနေ့နံနက် (၈)နာရီခွဲက ငါးမြစ်ချင်းနှင့် ငါးခုံမသားပေါက်ငါးမျိုးတို့ စိုက်ထည့်ပေးသည်။
ပဲခူးမြို့၊ အခြေခံပညာအထက်တန်းကျောင်းများ၌ အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲများ ကျင်းပ
Jul 11,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးကြူသည် ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ကျောင်းသူများအား ပြည်တွင်းအခွန်များဦးစီးဌာနက ကောက်ခံလျက်ရှိသော အခွန်များအကြောင်းသိကောင်းစရာများခေါင်းစဉ်ဖြင့် ကျောင်းသား၊ကျောင်းသူများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး အမေးအဖြေကဏ္ဍတွင် ဆုရရှိခဲ့သော ကျောင်းသား၊ကျောင်းသူများအား ဆုများချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ (၂၇)ကြိမ်မြောက် မြို့နယ်အဆင့် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ ကျင်းပပြုလုပ်
Jul 11,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ (၂၇)ကြိမ်မြောက် မြို့နယ်အဆင့် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(သာပေါင်း)ရှိ သော်ကဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
စစ်တွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်၊ စာစောင်များ လှူဒါန်း
Jul 11,2026
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် စစ်တွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်၊စာစောင်များလှူဒါန်းပွဲ အခမ်းအနားကို ဇူလိုင် ၉ ရက်နေ့ နံနက်ပိုင်းက စစ်တွေမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြသည်။
ကျိုင်းလပ်မြို့ အခြေခံပညာအထက်တန်းကျောင်း(ဝမ်နတ်)၌ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ် ကွင်းဆင်းဆောင်ရွက်
Jul 11,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဦီးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် အသက် ၁၀ နှစ်ပြည့်ပြီးသူ ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ် ထုတ်ပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ကျိုင်းလပ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း (ဝမ်နတ်)၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
မှော်ဘီမြို့နယ် လူထုအခြေပြုဗဟိုဌာနCommunity Centre ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် ပြပွဲပြိုင်ပွများကျင်းပ
Jul 11,2026
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၌ အာဇာနည်နေ့အထိမ်းအမှတ် အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူထုအ‌‌ခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဇူလိုင် ၈ ရက်နေ့ နေ့လယ်က လူငယ်များစာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် လူငယ်အသိပညာ​ပေးပြပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
ဟုမ္မလင်းမြို့၌ ဖလက်ခွန်ကုန်တင်ရေယာဉ်များ ဆိုက်ကပ်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 11,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ ချင်းတွင်းမြစ်အတွင်း ဖလက်ခွန်ကုန်တင်ရေယာဉ်များ အဆင်ပြေချောမွေ့စွာဆိုက်ကပ်နိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်း ၃ နာရီတွင် ဟုမ္မလင်းဆိပ်ကမ်းများကို ကွင်းဆင်းကြည့်ရှုစစ်​ဆေးခဲ့ကြောင်း သိရသည်။
တောင်ငူမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jul 11,2026
​ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်း သဘာဝဘေးအန္တရာယ်များကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီကာကွယ်စောင့်ရှောက်ခြင်း၊ ရှာဖွေကယ်ဆယ်ခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စနစ်တကျတုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် တောင်ငူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက တောင်ငူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။