ဂန့်ဂေါမြို့၌ ၂၀၂၆ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ
Jul 11,2026
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြေစေရေးအတွက် ၂၀၂၆ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ကျောတိုက်ရပ်ကွက်ရှိ မြစ်သာခန်းမလမ်းတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က အဖွင့်အမှာစကားပြောကြားပြီး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အသင်းအဖွဲ့များထံသို့ စိုက်ပျိုးမည့်သစ်ပင်ပျိုးပင်များကို ပေးအပ်ခဲ့သည်။