မှော်ဘီမြို့နယ် လူထုအခြေပြုဗဟိုဌာနCommunity Centre ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် ပြပွဲပြိုင်ပွများကျင်းပ

မှော်ဘီ ဇူလိုင် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၌ အာဇာနည်နေ့အထိမ်းအမှတ် အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူထုအ‌‌ခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဇူလိုင် ၈ ရက်နေ့ နေ့လယ်က လူငယ်များစာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် လူငယ်အသိပညာ​ပေးပြပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက လူငယ်များအနေဖြင့်စာကြည့်တိုက်ကိုရောက်ရှိချိန်တိုင်း၌ စာအုပ်စာ​ပေများကို လေ့လာဖတ်ရှုထားပါမှ အသိပညာဗဟုသုတများတိုးပွားပြီး မိမိတို့လိုအပ်ချိန်၌ အကြံအစည်သစ်များထွက်ပေါ်လာမှာဖြစ်ပါကြောင်း ငယ်ရွယ်ပညာသင်ကြားချိန်၌လည်း ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အချိန်ကိုတန်ဖိုးရှိရှိအသုံးချတတ်စေရန် သုတရသစာအုပ်စာပေများကို ဖတ်ရှုလေ့လာမှတ်သားထားကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ပွဲဝင်ရန်ချမှတ်ထားသည့် စည်းကမ်းချက်များအတိုင်း ပြိုင်ပွဲဝင်ကြရာ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ဖတ်ရှုထားသမျှမှ အနှစ်သက်ဆုံးစာအုပ်တစ်အုပ်အကြောင်းကိုလည်းကောင်း၊ ပုံပြင်ပြောပြိုင်ပွဲ လူငယ်များအား အသိပညာဗဟုသုတရရှိစေမည့် ပုံပြင်များကိုလည်းကောင်း၊ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် စာဖတ်ခြင်းအကျိုးကဗျာဖြင့် အသီးသီးပြိုင်ပွဲဝင်ကြရာ အကောင်းဆုံး(၃)ဦးစီအား မြို့နယ်ဦးစီးမှူး ဦးစန်းဝင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များတို့က ဗလာစာအုပ်နှင့် ဘောပင်များချီးမြှင့်ကာ အခမ်းအနားတက်ရောက်လာသူများအား အဟာရဒါန မုန့်များ လက်ဆောင်ပေးအပ်ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသော နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများပြသထားမှုအား မြို့နယ်ဦးစီးမှူး ဦးစန်းဝင်းက လိုက်လံရှင်းလင်းပြောကြားခဲ့ရာ ကျောင်သား/​ကျောင်းသူများ စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြသည်။

စန်းဝင်း