၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ (၂၇)ကြိမ်မြောက် မြို့နယ်အဆင့် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ ကျင်းပပြုလုပ်

သာပေါင်း ဇူလိုင် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ (၂၇)ကြိမ်မြောက် မြို့နယ်အဆင့် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(သာပေါင်း)ရှိ သော်ကဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်က အဖွင့်အမှာစကားပြောကြားပြီး ကဗျာလွတ်အကအဖွဲ့(၂)ဖွဲ့၊ အဆို(၇)ဦး၊ အက(၂)ဦးတို့က ယှဉ်ပြိုင်ကြကာ တိုင်း‌ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုဇင်မှ ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌထံ(၁၀၀,၀၀ဝ)ကျပ် ပေးအပ်ချီးမြှင့်ပြီးပြိုင်ပွဲဝင်သူများ၊ ဒိုင်အဖွဲ့တို့ကို ချီးမြှင့်ငွေများပေးအပ်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး