သတင်းများ

ဒေါပုံမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် အခွန်ဆိုင်ရာပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
Jul 11,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် အခွန်ဆိုင်ရာပညာပေးရှင်းလင်းဆွေးနွေးပွဲကို ဇူလိုင် ၉ ရက် နံနက် (၁၀)နာရီအချိန်က ပြည်တွင်းအခွန်များဦးစီးဌာန မြို့နယ်အခွန်မှူးရုံး၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့နယ်အတွင်းရှိ ဝါစိုက်တောင်သူများအား Urea ဓါတ်မြေသြဇာနှင့် မျိုးစေ့သိုလှောင်အိတ်များ ပေးအပ်
Jul 11,2026
စစ်ကိုင်းမြို့နယ်တွင် Quick Inpact Project (QIP) အစီအစဉ်မှ ဝါမျိုးစေ့ ထောက်ပံ့ထားသော ဝါစိုက်တောင်သူများအား Urea ဓါတ်မြေသြဇာနှင့် မျိုးစေ့သိုလှောင်အိတ်များပေး အပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး၊ မြတ်ဇေယျာခန်းမ၌ ကျင်းပခဲ့သည်။
မောက်မယ်မြို့နယ်၌ မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသခြင်း ဆောင်ရွက်
Jul 11,2026
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အခြေခံပညာအထက်တန်းကျောင်း (မောက်မယ်) ရှိ ကျောင်းသားကျောင်းသူများအား မီးဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် မီးလောင်မှုမီးလန့်မှုဖြစ်ပွားပါက လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသခြင်းကို ယမန်နေ့နေ့လယ် ၁ နာရီက  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းမြို့၌ ခွေးရူးပြန်ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား One  Health Approach ဖြင့် ဆောင်ရွက်ရေး အသိပေးဆွေးနွေး
Jul 11,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ ဒေါ်သန်းတင်ခန်းမ၌ ခွေးရူးပြန်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား One  Health  Approachဖြင့်ဆောင်ရွက်ရေး အသိပေးဆွေးနွေးပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
ပျော်ဘွယ်မြို့နယ်၌ ကျောင်းကျန်းမာရေးနှင့် သွားနှင့် ခံတွင်းရောဂါ ကွင်းဆင်းဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်
Jul 11,2026
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေးနှင့် ကျန်းမာရေးအသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍  ကျောင်းကျန်းမာရေး ဆိုင်ရာများစစ်ဆေးခြင်း၊ အသိပညာပေးဟောပြောခြင်း၊ ကွင်းဆင်းကုသခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၀ ရက်၊ မွန်းလွဲ ၁ နာရီက ပြည်သာယာရပ်ကွက်အခြေခံပညာမူလတန်းကျောင်းတွင်လည်း ဆောင်ရွက်ခဲ့ကြသည်။
ကျွန်းလှမြို့နယ်၌ ဆပ်ပြာဆီ၊ ဆပ်ပြာခဲနှင့် ခေါင်းလျှော်ရည် ပြုလုပ်နည်းသင်တန်း ဖွင့်လှစ်
Jul 11,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆပ်ပြာဆီ၊ ဆပ်ပြာခဲနှင့် ခေါင်းလျှော်ရည် ပြုလုပ်နည်းသင်တန်းဖွင့်ပွဲကို ဇူလိုင် ၁၁ ရက်နေ့ နံနက်ပိုင်းက ရှမ်းစုကျေးရွာအုပ်စု၊ တပ်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက် ဓမ္မာရုံ၌ ကျင်းပသည်။
ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၇ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဆွေးနွေးပွဲအခမ်းအနား ကျင်းပ
Jul 11,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၇ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး ဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အမှတ် ၁ ရပ်ကွက်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် တာဝန်ရှိသူများက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တက်ရောက်ခဲ့ကြသည်။
တာမွေမြို့နယ်၌ မြို့နယ်အဆင့် ဆယ်အိမ်စုမှူးဆင့်ပွားသင်တန်း ဖွင့်လှစ်
Jul 11,2026
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့န့နက်ပိုင်းအချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ အဝေရာလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့် ဆယ်အိမ်စုမှူး ဆင့်ပွားသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ရာ မြို့နယ်အတွင်းရှိ ကျန်းမာရေးနှင့်ပတ်သက်ပြီး စိတ်ပါဝင်စားသူ အမျိုးသမီးငယ်များ တက်ရောက်ခဲ့ကြသည်။