နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပျဉ်းမနားမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်အတွင်း ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာထားရှိမှုများနှင့် ငလျင်ဘေးပြန်လည်ပြုပြင်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Oct 04,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးနှင့် ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးများသို့သွားရောက်ပြီး ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတို့မှ အခြေခံ မဲဆန္ဒရှင်စာရင်းများ ပထမအကြိမ် ကပ်ထားကြေညာထားရှိမှု၊ ဒေသခံပြည်သူများမှ မဲစာရင်းများ လာရောက်ကြည့်ရှုရာတွင် လွယ်ကူအဆင်ပြေစေရေး ကူညီဆောင်ရွက်ပေးနေမှု၊ မဲစာရင်းလာရောက် ကြည့်ရှုရာတွင် မိမိအမည် မဲစာရင်းတွင်မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်း တောင်းဆိုနိုင်ရေး၊ မဲစာရင်းတွင် မပါဝင်သင့်သူများတွေ့ရှိပါက ပုံစံ(၄) ဖြင့် ကန့်ကွက်နိုင်ရေး၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါကပုံစံ(၄-၈)ဖြင့် ပြင်ဆင်လွှာတင်သွင်းနိုင်ရေးတို့အတွက် သက်ဆိုင်ရာကော်မရှင် အဖွဲ့ခွဲရုံးများမှလိုအပ်သောပုံစံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။