ကျိုင်းလပ် ဇူလိုင် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဦီးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် အသက် ၁၀ နှစ်ပြည့်ပြီးသူ ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ် ထုတ်ပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ကျိုင်းလပ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း (ဝမ်နတ်)၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျိုင်းလပ်မြို့ ဒုတိယဦးစီးမှူး ဦးစိုင်းဝန်းလတ်ထွန်းနှင့်ဝန်ထမ်းများက အသက်၁၀ နှစ်ပြည့်ပြီးသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆၃ ဦးကို Biometric data များ စိစစ်ကောက်ယူ၍ မျက်လုံး Scan ဖတ်ခြင်း၊ လက်ဗွေနှိပ်ခြင်းနှင့် လိုအပ်သည့် ကိုယ်ရေးအချက်အလက်များထည့်သွင်းခြင်းများပြုလုပ်ပေးပြီး နိုင်ငံသားစိစစ်ရေးကတ်နှင့် UIDကတ်များကို ကျောင်းသား၊ ကျောင်းသူများထံ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
နှင်းနုထွေး