ပဲခူး ဇူလိုင် ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးကြူသည် ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ကျောင်းသူများအား ပြည်တွင်းအခွန်များဦးစီးဌာနက ကောက်ခံလျက်ရှိသော အခွန်များအကြောင်းသိကောင်းစရာများခေါင်းစဉ်ဖြင့် ကျောင်းသား၊ကျောင်းသူများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး အမေးအဖြေကဏ္ဍတွင် ဆုရရှိခဲ့သော ကျောင်းသား၊ကျောင်းသူများအား ဆုများချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ကျောင်းသား၊ကျောင်းသူ (၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ ထို့အပြင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် နေ့လယ်နာရီတွင် ထပ်မံ၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး အဆိုပါဆွေးနွေးပွဲသို့ ကျောင်းသား၊ကျောင်းသူ (၂၈၀)ဦးခန့်တက်ရောက်ခဲ့ပြီး အမေးအဖြေကဏ္ဍတွင် ဆုရရှိခဲ့သော ကျောင်းသား၊ကျောင်းသူများအား ဆုများချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)