ဝေါ ဇူလိုင် ၁၁
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ညွှန်ကြားမှုဖြင့် တိုင်းဒေသကြီးအတွင်း ငါးသယံဇာတ ပေါများကြွယ်ဝစေရေး ငါးရိက္ခာဖူလုံစေရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ပေါများစေရေး စသည့်ရည်ရွယ်ချက်ဖြင့် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက ဝေါမြို့ ပဲခူး-စစ်တောင်းတူးမြောင်းတံတားအနီးရှိ ပဲခူး-စစ်တောင်းတူးမြောင်းအတွင်းသို့ ယနေ့နံနက် (၈)နာရီခွဲက ငါးမြစ်ချင်းနှင့် ငါးခုံမသားပေါက်ငါးမျိုးတို့ စိုက်ထည့်ပေးသည်။
ထိုသို့စိုက်ထည့်ရာတွင် ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာစုမျိုးသွယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဦးသိန်းကိုကိုထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ငါးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ငါးမွေးမြူရေးလုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများက ပဲခူး-စစ်တောင်းတူးမြောင်းအတွင်း ငါးမြစ်ချင်းသားပေါက်အကောင်ရေ တစ်သိန်းနှင့် ငါးခုံးမကြီးကောင်ရေ တစ်သိန်းတို့ကို စုပေါင်းစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)