သတင်းများ

အုတ်တွင်းမြို့နယ်၊ လက်ပံခုံ​ကျေးရွာ၌ ဝင်ငွေတိုးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်
Jul 11,2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကြီးကြပ်မှုအောက်ရှိ တောင်ငူခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဆောင်ရွက်မည့် စက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို အုတ်တွင်းမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စု၊ လက်ပံခုံကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ငါးသိုင်းချောင်းမြို့ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ်
Jul 11,2026
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၁၀) နာရီက စာပေချစ်သူများ အသင်း( Book Club)အဖွဲ့မှ လူထုစိန်ဝင်းရေးသားသည့် လူကြီးလူငယ်ကွာဟမှုစာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၆ ပညာသင်နှစ် ဘက်စုံသားဖွားဒီပလိုမာ(၂)နှစ်သင်တန်းသူများအား လမ်းညွှန်သြဝါဒပေးပွဲသို့တက်ရောက်၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေရှင်းလင်းဆွေးနွေးပွဲနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး
Jul 11,2026
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သားဖွားသင်တန်း ကျောင်း(မြစ်ကြီးနား)၏ ၂၀၂၆ ပညာသင်နှစ်၊ အပတ်စဉ်(၇)ဘက်စုံသားဖွား ဒီပလိုမာ(၂)နှစ် သင်တန်းသူများအား ဦးဆောင်းအပ်နှင်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက အဆိုပါကျောင်းခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။
ပခုက္ကူတက္ကသိုလ်၌ အထူးပြုဘာသာရပ်ပေါင်းစုံ Esport (Mobile Legend) ပြိုင်ပွဲ ကျင်းပ
Jul 11,2026
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ အထူးပြုဘာသာရပ် ပေါင်းစုံအမျိုးသား Esport (Mobile Legend) ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၂နာရီခွဲက ကျင်းပပြုလုပ်သည်။
ဇမ္ဗူသီရိမြို့နယ်၌ (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ ပုံတူဆွဲပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့်ပြပွဲများ ကျင်းပ
Jul 11,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ၊ ပုံတူဆွဲပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့်ပြပွဲများကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ရုံးခွဲ(ကချင်)ဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေး
Jul 11,2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ရုံးခွဲ(ကချင်)ဖွင့်ပွဲ အခမ်းအနားကို အဆိုရုံးသစ်တည်ရှိရာ အေးမြသာယာရပ်ကွက်အတွင်းရှိ အေးမြသာယာအဆင့်မြင့်ဈေး၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့ တက်ရောက်ကြသည်။
ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 11,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ကျေးသီးမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်များ ပြသ
Jul 11,2026
ကျေးသီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ကျောင်းသူများ စာပေကိုအလွယ်တကူဖတ်ရူလေ့လာနိုင်ရန်နှင့် ပြင်ပဗဟုသုတစာပေများကို ဖတ်ရှုလေ့လာပြီး လူတော်လူကောင်းများဖြစ်လာစေရန်အတွက်ရည်ရွယ်ပြီး စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ နယ်လှည်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်များပြသခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျေးသီးမြို့လုံပုရပ်ကွက်ရှိ အခြေခံပညာအ.မ.ကမူလွန်လုံပုကျောင်း၌ ကျင်းပသည်။