ကသာ ဇွန် ၁
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ဇွန်လ(၁)ရက်နေ့တွင် ကျောင်းများ စတင်ဖွင့်လှစ်ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ပေါ်ရှိ အခြေခံပညာစာသင်ကျောင်းများတွင်လည်း နံနက်(၉) နာရီ အချိန်မှစ၍ ကျောင်းသား/သူများ တက်ရောက် ပညာသင်ယူလျက်ရှိကြောင်း သိရ သည်။
ကျောင်းများစတင်ဖွင့်လှစ်သည့်နေ့တွင် ကျောင်းသားမိဘများက မိမိတို့၏ သား၊ သမီးများကို ကျောင်းသို့အရောက် လိုက်ပါပို့ဆောင်ပြီး ကျောင်းသားမိဘများအနေဖြင့် စိုးရိမ်မှုများ ရှိနေ ကြောင်း သိရသည်။