အိမ်မဲ ဇွန် ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းရှိ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ ကျောင်းများကို ယနေ့နံနက် ၈ နာရီခွဲတွင် စတင်ဖွင့်လှစ်သင်ကြား လျက်ရှိကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် အ-ထ-က (၁၀)ကျောင်း၊ အ-ထ-က(ခွဲ) (၁၅)ကျောင်း၊ အ-လ-က (၁၉)ကျောင်း၊ အ-လ-က(ခွဲ) (၂၉)ကျောင်း၊ မူလွန် (၁၉)ကျောင်း၊ အ-မ-က (၁၀၃)ကျောင်း၊ အ-မ-က(ခွဲ) (၁)ကျောင်းနှင့် ဘုန်းတော်ကြီး စာသင်ကျောင်း(၄)ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း(၂၀၀)ရှိပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြား လျက်ရှိကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)