မြဝတီ ဇွန် ၁
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ရှိ အခြေခံကျောင်းများတွင် ယနေ့ ဇွန်လ ၁ ရက်နေ့မှ စတင်ပြီး ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာဖြင့် ကျောင်းတက်လျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
မြဝတီခရိုင်အတွင်း အထက(၁ဝ)ကျောင်း၊ အထက ခွဲ (၉) ကျောင်း၊ အလက(၈)ကျောင်း၊ အလက ခွဲ(၁ဝ)ကျောင်း၊ မူလွန်(၂၁) ကျောင်း၊ အမက(၃၆)ကျောင်း၊ အမကခွဲ(၈)ကျောင်း၊ ဘက(၅)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း(၂)ကျောင်း၊ စုစုပေါင်း (၁ဝ၂) ကျောင်းရှိကြောင်းသိရသည်။
ယခု ပညာသင်နှစ်အတွက် မေလ ၂၄ ရက်မှ ၃၁ ရက်နေ့ထိ ကျောင်းသားပေါင်း(၁ဝဝဝဝ)ကျော်အပ်နှံခဲ့ပြီး ကိုဗစ် ရောဂါမကူးစက်ရေးအတွက်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာ ဆောင်ရွက် လျက်ရှိကြောင်း မြဝတီမြို့နယ်ပညာရေးမှူး ဦးမြင့်ဦးထံမှ သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)