ကျိုင်းတုံမြို့တွင် အခြေခံပညာကျောင်းများကို ပုံမှန်စာသင်နှစ်အတိုင်း ကိုဗစ်(၁၉)ရောဂါ ကြိုတင် ကာကွယ်ရေးနည်းလမ်းများနှင့်အညီ စတင်ဖွင့်လှစ်

ကျိုင်းတုံ   ဇွန်              ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာကျောင်း များကို ဇွန် ၁ ရက် က ပုံမှန်စာသင်နှစ်အတိုင်း ကိုဗစ်(၁၉)ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ စတင်ဖွင့်လှစ်လျက်ရှိကြောင်းသိရသည်။

ထိုသို့ ကျိုင်းတုံမြို့ပေါ်ရှိ အခြေခံပညာ(အထက်တန်း၊ အလယ်တန်း၊ မူလတန်း)ကျောင်းများ ဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နည်းလမ်းများနှင့်အညီ ကျောင်းအဝင်တွင် ကျောင်းသား၊ ကျောင်းသူများအား၊ ကိုယ်အပူချိန်တိုင်းတာ စစ်ဆေးခြင်း၊ Maskနှင့် Face Shield  များအသုံးပြုစေခြင်း၊ လက်ဆေးဘေစင်များ ထားရှိဆောင်ရွက်ပေးခြင်းနှင့် စာသင်ခန်းများတွင် သတ်မှတ်အကွာအဝေးများအတိုင်း စနစ်တကျ စာသင်ကြားနေမှုများကို  တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ကျောင်းသား၊ ကျောင်းသူ များအား နှာခေါင်းစည်းများ ဝေငှပေးခဲ့ကြောင်းသိရသည်။

ကျိုင်းတုံမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း ၁၆ ကျောင်း၊ အလယ်တန်းကျောင်း ၃၆ ကျောင်း၊ မူလတန်းကျောင်း ၁၅၁ ကျောင်းရှိပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင်  အခြေခံ ပညာကျောင်း(အထက်တန်း၊ အလယ်တန်း၊ မူလတန်း)ကျောင်း စုစုပေါင်း ၉၄၀ ကျောင်း ရှိကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)