ကံမ ဇွန် ၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် အခြေခံပညာ မူလတန်း အလယ်တန်း အထက် တန်း ကျောင်းများ၌ ယနေ့ နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ထိုသို့ ကျောင်းသား ကျောင်းသူများအား စာသင်ကြားရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ် နိုင်ရန်အတွက် လမ်းညွှန်ချက်များနှင့်အညီ ကျောင်းသား ကျောင်းသူများအား ကျောင်းအဝင်၌ ကိုယ်အပူ ချိန်တိုင်းတာခြင်း၊ လက်ဆေးဘေစင်များ ထားရှိ၍လက်ဆေးစေခြင်း၊ အခမဲ့ဖြန့်ဝေ ပေးထားသည့် နှာခေါင်းစည်း(Mask)များနှင့် Face Shield များအား တပ်ဆင်စေခြင်း အစရှိသည်တို့အား ဆောင်ရွက်၍ သင်ကြားပေးလျက်ရှိကြောင်းသိရသည်။
ကံမမြို့နယ်တွင် အခြေခံပညာမူလတန်းကျောင်း ၉၅ ကျောင်း၊မူလတန်းကျောင်းခွဲ ၂ ကျောင်းမူလတန်း လွန်ကျောင်း(မူလွန်) ၈ ကျောင်း၊အခြေခံပညာအလယ်တန်းကျောင်း ၆ ကျောင်း၊အလယ်တန်းကျောင်းခွဲ ၈ ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း ၆ ကျောင်းနှင့် အထက်တန်းကျောင်းခွဲ ၃ ကျောင်း စုစုပေါင်း အခြေခံပညာကျောင်းပေါင်း ၁၂၈ ကျောင်း ရှိပြီး ကျောင်းအပ်နှံခြင်းများအား မေ ၂၄ ရက်မှ မေ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံခြင်းရက်သတ္တပတ်အဖြစ် ဆောင်ရွက်ခဲ့ရာ မူလတန်း၌ ၃၃၂၀ဦး၊ အလယ်တန်း၌ ၁၆၂၂ ဦး နှင့် အထက်တန်း၌ ၄၉၇ ဦး စုစုပေါင်း ကျောင်းသားကျောင်းသူ ၅၄၃၉ ဦး ကျောင်းအပ်နှံခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ကျော်ဇေယျဝင်း(ကံမ)