သတင်းများ

စမ်းချောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 01,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ ကျောင်းများကို ယနေ့နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။
တနင်္သာရီမြို့နယ် မြန်မာ့စီးပွါးရေးဘဏ်၌ (၅/၂၀၂၁)လအတွက်အငြိမ်းစား (၂၄၀)ဦး၊ ပင်စင် လစာ ပုံမှန်ထုတ်ယူ
Jun 01,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် မြန်မာ့စီးပွါးရေးဘဏ်၌ ၂၀၂၁ခုနှစ်၊ မေလအတွက် ပင်စင်လစာထုတ်ယူရန် အငြိမ်းစားဝန်ထမ်းစုစုပေါင်း (၄၂၆)ဦးစာရင်းရှိသည့်အနက် မေလ(၃၁)ရက်နေ့ မွန်းလွှဲ ၂နာရီခွဲ ချိန်အထိပင်စင်စား(၂၄၀)ဦးတို့က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီအေးချမ်းစွာပုံမှန်လာရောက်ထုတ်ယူခဲ့ကြကြောင်း မြို့နယ်မြန်မာ့စီးပွါးရေး ဘဏ်မှ သိရှိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် အ​ခြေခံပညာ​ကျောင်းများ စတင်ဖွင့်လှစ်
Jun 01,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ ကျောင်းများကို ယ​နေ့ နံနက်ပိုင်းတွင် စတင် ဖွင့်လှစ်​ကြောင်း သိရသည်။
ဗဟန်းမြို့နယ်၌ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်များ စတင်ဖွင့်လှစ်
Jun 01,2021
ဇွန်(၁)ရက်နေ့မှစ၍မြန်မာနိုင်ငံတစ်ဝန်းရှိစာသင်ကျောင်းများပြန်လည်ဖွင့်လှစ်နေပြီဖြစ်သည်။မူလတန်းအဆင့်မှ အထက်တန်းအဆင့်အထိ ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ဖြင့် ပြန်လည်စည်ကားလာနေသည်ကို မြင်တွေ့ရသည်။
အလုံမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 01,2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ (၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ရာ ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင်လည်း ယ​နေ့ နံနက်ပိုင်းမှ စတင်ကာ သက်ဆိုင်ရာကျောင်းများအလိုက် စတင်ဖွင့်လှစ်လျက်ရှိကြောင်းသိရသည်။
ပခုက္ကူမြို့နယ်အတွင်း ၂၀၂၁ -၂၀၂၂ ပညာသင်နှစ်အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား
Jun 01,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အခြေခံ ပညာကျောင်းများကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က စတင်၍ ကိုဗစ် - ၁၉ ကာကွယ်ထိန်းသိမ်းရေး စည်းကမ်း ချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားလျက်ရှိ ကြောင်း သိရသည်။
ဒေါပုံမြို့နယ်အတွင်းရှိ အ​ခြေခံပညာ​ကျောင်းများ စတင်ဖွင့်လှစ်
Jun 01,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယ​နေ့ နံနက်ပိုင်းက ကျောင်းများအားလုံး စတင်ဖွင့် လှစ်​ကြောင်း သိရသည်။
မြောက်ဦးမြို့နယ်ရှိ အခြေခံပညာစာသင်ကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျောင်းစတင်ဖွင့်လှစ်
Jun 01,2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဖွင့်လှစ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီမှစတင်၍ ရခိုင်ပြည်နယ်၊ မြောက်ဦး မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင်လည်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အခြေခံပညာကျောင်းများစတင်ဖွင့်လှစ် ပို့ချသင်ကြားပြသလျှက်ရှိကြောင်း သိရသည်။