ခေါဇာ ဇွန် ၁
“ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဆိုတဲ့ ဆောင်ပုဒ်နှင့်အညီ ၂၀၂၁ -၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး အတွက် ကျောင်းအပ်နှံရေးလုပ်ငန်းများကို မေလ (၂၄) ရက်နေ့မှ (၃၁)ရက်နေ့ အထိ ဆောင်ရွက်ပေးခဲ့ပြီး ယနေ့ နံနက်(၈)နာရီမှ စတင်၍ ကျောင်းများ ဖွင့်လှစ် သင်ကြား ပေးလျက်ရှိရာ မွန်ပြည်နယ်၊ ခေါဇာမြို့အခြေခံ ပညာအထက်တန်းကျောင်း၌လည်း ကျန်မာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာလမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်ထားကြောင်း သိရသည်။
အဆိုပါကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသား/သူ ဦးရေ (၆၀၀) ဦးခန့်ရှိကြောင်း ကျောင်းအုပ် ဆရာမကြီး ထံမှသိရသည်။