နတ်တလင်းမြို့နယ်အတွင်းရှိ ကျောင်းများ စတင်ဖွင့်လှစ်၍

 
နတ်တလင်း ဇွန် ၁
 
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း အလယ်တန်း၊ မူလတန်းလွန်ကျောင်းများနှင့် မူလတန်းကျောင်းများကို ယနေ့ နံနက်မှစ၍ ကျောင်းများဖွင့်လှစ်လျက်ရှိ ကြောင်း သိရသည်။
 
ကျောင်းများ စတင်ဖွင့်လှစ်၍ ကျောင်းအပ်နှံပြီးသော ကျောင်းသား၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူ များနှင့်အတူ ကျောင်းအပ်နှံ ရန် လာရောက်ကြသော ကျောင်းသား၊ ကျောင်းသူများအား ရပ်ကွက် ကျေးရွာအုပ်ချုပ် ရေးမှူးနှင့် ရပ်မိရပ်ဖများ မီးသတ်တပ်ဖွဲ့ဝင် များ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ တပ်မတော်သားများက လုံခြုံရေးတာဝန်ယူ၍ ကူညီစောင့်ရှောက်ပေးလျက် ရှိကြောင်း သိရသည်။