သဲကုန်း ဇွန် ၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ ယနေ့နံနက် ၁၀ နာရီက တွေ့ဆုံ၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေးက အမှာစကားပြောကြားရာတွင် မြို့နယ်အတွင်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်နေသလို တစ်ဖက်ကလည်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း လျှင်လျှင်မြန်မြန် ဆောင်ရွက်လျက်ရှိကြောင်း၊လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြရန် ပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် ဗိုလ်မှူးအောင်ဝင်းထွန်းက ဒေသတွင်းတည်ငြိမ်အေးချမ်းရေး၊လုံခြုံရေးနှင့်ပတ်သတ်ပြီးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုများကို အကောင်အထည် ဖော်ဆောင်ရွက်ရန်တို့ကို ပြောကြားခဲ့သည်။
ဆက်လက်၍ ဌာနဆိုင်ရာအကြီးအကဲများကစိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ်မီးလင်းရေး လုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများတက်ရောက်ခဲ့ကြောင်း သိရသည်။
နိုင်လင်း(သဲကုန်းပြန်/ဆက်)