နတ်မောက်မြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အခြေခံပညာကျောင်းများ စတင် ဖွင့်လှစ်

နတ်မောက် ဇွန် ၁        

မကွေးတိုင်းဒေသကြီး၊နတ်မောက်မြို့နယ်တွင်၂၀၂၁-၂၀၂၂ပညာသင်နှစ် အခြေခံပညာ ကျောင်းများကို ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဇွန်(၁)ရက်နေ့မှစတင်၍ ဖွင့်လှစ်သင်ကြား ပေးလျက် ရှိသည်။                                                                                                              

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ (၂၁၁)ကျောင်းရှိ ကျောင်းသား/ သူများအား ယနေ့နံနက်ပိုင်းမှစတင်၍ ကျောင်းသို့လာရောက် ပညာသင်ယူနေကြသော ကျောင်းသား/ သူများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျောင်းဝန်းအတွင်း၌ လက်ဆေး ဘေစင်များထားရှိပေးခြင်း၊ စာသင်ခန်း အတွင်း တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာ ထားရှိ ပေးခြင်းနှင့် ကျောင်းသား/ သူများအား အပူချိန်တိုင်းတာခြင်း လုပ်ငန်းများကို တာဝန်ကျဆရာ/မများကဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။                                                                                               

 

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် လာရောက်သင်ကြားသည့် ကျောင်းသား/ကျောင်းသူများအား နိုင်ငံတော်က ထောက်ပံ့ပေး အပ်သော ကျောင်းသုံးပြဌာန်းစာအုပ်များ ၊ ဗလာစာအုပ်များ ၊ ဘောပင် ၊ ခဲတံများနှင့်       ( Mask ၊ Face Shield ) တို့ကို အခမဲ့ပေးအပ်ခဲ့ကြောင်းသိရသည်။

သင်းသင်းမြတ်