သရက် ဇွန် ၁
မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများဖြစ်သော အထက(၁)၊ အထက(၂)နှင့် အထက(၃) ကျောင်းများတွင်ယနေ့ နံနက်ပိုင်းမှ စတင်၍ ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစတင် တက်ရောက် လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျောင်းများ၌ ကျောင်းဝင်းအတွင်းသို့ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ပါက ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်း (Mask)နှင့် Face Shield တပ်ဆင်ခြင်းနှင့် လက်ဆေးခြင်းများကို စနစ်တကျပြုလုပ်၍ ဝင်ရောက်စေရန် ဆောင်ရွက် ထားကြောင်း တွေ့ရှိရသည်။ သရက်မြို့နယ်တွင် မြို့ပေါ်ကျောင်းပေါင်း (၁၄၄) ကျောင်းမှ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ဦးရေ (၁၅၃၈၈) ဦးရှိပြီး ယနေ့တွင် ကျောင်းသား၊ ကျောင်းသူ (၈၂၄၁) ဦး စတင် ကျောင်းတက်နေပြီဖြစ်ကြောင်း သရက်မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)