ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာ ကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား ကြည့်ရှုအားပေး

ပဲခူး ဇွန် ၁

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူး၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ လိုက်ပါလျက် ဇွန် ၁ ရက် နံနက် ၁၁ နာရီက ပဲခူးမြို့တွင်း ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား ကြည့်ရှု အားပေးခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ ကလျာဏီ ရပ်ကွက်ရှိ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူဝင်းမှ ကျောင်းသား/သူများ စာသင်ကြားနေမှုအခြေအနေနှင့် စာသင်ခုံလိုအပ်ချက်များ တင်ပြခဲ့ ရာ၊ ပဲခူးတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက စာသင်ခုံလိုအပ်ချက်အပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား/ သူ မိဘများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေး စကား ပြောကြားခဲ့သည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ ဥဿာ (၄)ရပ်ကွက်ရှိ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ရာ တာဝန်ခံကျောင်းအုပ်ဆရာမ ကြီး ဒေါ်သီသီလွင်က ကျောင်းသား/သူများ ပညာသင်ကြားပေးနေမှု အခြေအနေအား တင်ပြခဲ့ရာ၊ ပဲခူးတိုင်း ဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကျောင်းသုံး မီတာခနှင့် COVID-19 စည်းကမ်းချက်နှင့်အညီ ပညာသင်ကြားနိုင်ရေးတို့အား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။

ဝဏ္ဏမောင် (တိုင်းဒေသကြီးပြန်/ဆက်)