ရေကြည် ဇွန် ၄
ယခုအခါမိုးရာသီကို ရောက်ရှိလာပြီဖြစ်သဖြင့် ရေကြည်မြို့နယ်အတွင်းရှိ ရေမြောင်းများရေစီးရေလာ ကောင်းမွန်စေရေးနှင့် မိုးတွင်းအခါ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် ရေမြောင်းဖော်ထုတ်ခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ယနေ့နံနက် (၇)နာရီက စတင်၍ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အဆိုပါ ရေမြောင်းတူးဖော်ရာတွင် မြို့ပတ်လမ်းကျောင်းလမ်းတစ်လျှောက်ရှိ တိမ်ကောနေသောရေမြောင်းများအား ပြန်လည်တူးဖော်ခြင်း၊ ရေမြောင်းများတွင် အမှိုက်များပိတ်ဆို့နေသည်ကို ရှင်းလင်းဖယ်ရှားခြင်း လုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လိုက်လံဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် မိုးရာသီမှာဖြစ်လေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်ကိုလည်း ကြိုတင်ကာကွယ်နိုင်ကြောင်း သိရသည်။
အောင်သူဟန် (ပြန်/ဆက်)