တနင်္သာရီ ဇွန် ၄ တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် ၂၀၂၁-၂၀၂၂ ပညာ သင်နှစ်အတွက် အခြေခံပညာကျောင်းများ ဖွင့်လှစ်ပြီး ကျောင်းသူ/သားများအား ကျောင်းအပ်နှံမှု ဆက်လက်၍ လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ ဇွန်လ(၃)ရက်နေ့တွင် ကျောင်းအပ်နှံမှု စာရင်းမှာ- ၁ ။ အထက်တန်းအဆင့် - ၁၉ ဦး ၂ ။ အလယ်တန်းအဆင့် - ၁၄၈ ဦး ၃။ မူလတန်းအဆင့်တွင် - ၂၄၈ ဦး စုစုပေါင်း (၄၂၄)ဦး အပ်နှံခဲ့ကြသဖြင့် ယနေ့ကျောင်းအပ်နှံမှု ရာခိုင်နှုန်းမှာ(၁.၄၄)% ဖြစ်ကြောင်း သိရှိရပါသည်။ ယနေ့တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုမှာ အထက်တန်းကျောင်း(၁၄)ကျောင်းရှိသည့်အနက် (၁၃) ကျောင်း၊ အလယ်တန်းကျောင်း(၂၂)ကျောင်းရှိသည့်အနက် (၁၇)ကျောင်း၊ မူလတန်း(လွန်) ကျောင်း(၁၆)ကျောင်းရှိသည့် အနက် (၁၁) ကျောင်း၊ မူလတန်းကျောင်း(၈၈)ကျောင်းရှိသည့်အနက် (၄၃)ကျောင်း၊ ဘ/ကကျောင်း(၁)ကျောင်းရှိပြီး ဖွင်လှစ်မှု(မရှိ) စသဖြင့် အခြေခံပညာကျောင်း စုစုပေါင်း (၁၄၁)ကျောင်းရှိသည့်အနက် (၈၅)ကျောင်းကို ဖွင့်လှစ်လျက်ရှိနေပြီဖြစ်ပြီး ကျန်(၅၆)ကျောင်းမှာ ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရှိရသည်။ နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)