ချောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုး​ရေးဘဏ်ခွဲမှ​ မိုးရာသီစိုက်ပျိုးစရိတ်​ငွေများ ထုတ်​ချေး

ချောက်    ဇွန်    ၄

       

 

မ​ကွေးတိုင်းဒေသကြီး၊ ​ချောက်မြို့နယ်မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများ အတွက်၂၀၂၁ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ထုတ်ချေးငွေများကို ဇွန် ၁ ရက်​နေ့က စတင်၍ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ထုတ်ချေးပေးလျက်ရှိပြီးချေးငွေလာရောက်ထုတ်ယူသောတောင်သူများအား ကျန်းမာရေးနှင့် အားကစား၀န်ကြီး ဌာန၏ ကိုဗစ်-၁၉​ရောဂါကာကွယ်ရေး လမ်းညွှန် ချက်များနှင့်အညီ​ချေး​ငွေများထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

     

 

အဆိုပါ ထုတ်ချေးငွေများကို မိုးသီးနှံစိုက်ပျိုး‌သော တောင်သူများအားအခြားသီးနှံမြေပဲ၊ နှမ်း၊ ပဲစိမ်းငုံ၊ တစ်ဧကလျှင်​ငွေကျပ်၁၀၀၀၀၀/-နှုန်းဖြင့်ထုတ်ချေးလျက်ရှိရာ ပန်းဘဲအုပ်စု၊ လင်းတ ကိုင်း အုပ်စု၊သစ်တိုကန် အုပ်စုတို့မှ​တောင်သူဦးရေ (၁၅၄)ဦး၊ ဧက​ပေါင်း (၉၈၁)ဧကအတွက် ထုတ်ချေးငွေကျပ်သိန်း​ပေါင်း (၉၈၁)သိန်း အား ထုတ်ချေးပေးပြီးကြောင်းနှင့် ​ချောက်မြို့နယ်တွင်​ကျေးရွာအုပ်စု(၄၉)စုတွင်ကျေးရွာအုပ်စု (၃)အုပ်စု မိုးရာသီ စိုက်ပျိုး​ငွေများ ထုတ်​ချေးပြီးကြောင်း ကျန်ရှိ​နေ​သော​ ကျေးရွာအုပ်စုများကိုဆက်လက်ထုတ်​ချေးသွား မည်ဖြစ်​ကြောင်းသိရသည်။

 

 

ကျော်မိုး