လက်ပံတန်း ဇွန် ၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ်စံပြကွက် စိုက်ပျိုးသူတောင်သူများအား မျိုးစေ့ပေးအပ်ပွဲကို ယမန်နေ့က ရေကန်ကျေးရွာ အဆင့်မြင့် လယ်ယာဧကတစ်ရာ စီမံကိန်း ရှင်းလင်းဆောင်၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှုး ဦးဉာဏ်မြင့် က မျိုးစေ့များပေးအပ်မှုနှင့် ပတ်သတ်၍ ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။ ဆက်လက်၍ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ်စံပြ ကွက်စိုက်ဧက ၅၀အတွက် စိုက်ပျိုးသူ တောင်သူများအား ဆင်းသုခ RS မျိုးစပါးများ တစ်ဧက တစ်တင်းနှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင့်နန္ဒာဌေး