ပဲခူး ဇွန် ၄
ပဲခူးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ဇွန်လ(၁)ရက်နေ့မှစ၍ အခြေခံပညာကျောင်းများ စတင် ဖွင့်လှစ်ခဲ့ရာ ဇွန်လ(၄)ရက်တွင် ပဲခူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လျက် ရှိပြီး ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါကျောင်းဖွင့်ရက် (၄)ရက်မြောက်နေ့တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာ သင်ကြားနိုင်ရေးအတွက် ဆရာ/ဆရာမများက ကျောင်းအဝင်ပေါက်မှ အပူချိန်တိုင်းခြင်း၊ Mask ၊ Face Shield များ တပ်ဆင်စေခြင်း၊ ကျောင်းဝင်းအတွင်းနှင့်အပြင် လုံခြုံရေးများ စောင့်ကြည့်ထားရှိပြီး ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စသည့် တို့ကို ကြည့်ရှုစစ်ဆေးမှုများ ပြုလုပ်ကြသည်။
ပဲခူးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (၂၂)ကျောင်း၊ အလယ်တန်းကျောင်း(၁၃) ကျောင်း၊ အလယ်တန်းခွဲ(၆၃)ကျောင်း၊ မူလတန်းလွန်ကျောင်း(၁၁၄)ကျောင်း၊ မူလတန်းကျောင်း(၅) ကျောင်း၊ မူလတန်း(ခွဲ) (၈)ကျောင်း၊ ကိုယ်ပိုင်အထက်တန်း ကျောင်း(၁၅) ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၂၉)ကျောင်းတို့မှ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၉၉၉၀၈)ဦးရှိပြီး ကျောင်းသား၊ ကျောင်းသူ(၃၅၀၂၅)ဦး တက်ရောက်ပညာသင်ကြား လျက်ရှိကြောင်း မြို့နယ်ပညာရေး မှူးထံမှ သိရသည်။
မျိုးငြိမ်း (ခရိုင် ပြန်/ဆက်)