ကျောက်ပန်းတောင်း ဇွန် ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ အခြေခံပညာကျောင်း အသီးသီးတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပညာသင်ကြားလျက်ရှိကြောင်းသိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံပညာအထက်တန်းဆင့်ကျောင်း(၁၇)ကျောင်း၊ အထက်တန်းကျောင်း(ခွဲ)အဆင့်(၃၇)ကျောင်း၊အခြေခံပညာအလယ်တန်းအဆင့်ကျောင်း(၂၈)ကျောင်း၊အလယ်တန်းကျောင်း(ခွဲ)အဆင့်(၂၃)ကျောင်း၊ မူလတန်းလွန်ကျောင်း(၅၄)ကျောင်းနှင့် မူလတန်းအဆင့်ကျောင်း (၁၀၉)ကျောင်းရှိရာ၊ မေလ(၂၄)ရက်နေ့မှစတင်၍ ကျောင်းအပ်နှံမှုများလက်ခံဆောင်ရွက်ပေးခဲ့ပြီး၊ ဇွန်လ (၁)ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ ဆိုင်ရာစည်းကမ်းချက်များနှင်အညီ ကျောင်းများဖွင့်လှစ်ပြီး ပညာသင်ပေးလျက်ရှိရာ၊ အခြေခံပညာကျောင်းအသီးသီးတွင် ကျောင်းသား/ကျောင်းသူလေးများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိနေကြပြီး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို နယ်မြေခံတပ်မတော် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာ/ရပ်ကွက်များမှ ရပ်မိရပ်ဖများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)