တွံတေးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်အတွက် စျေးရောင်းချသူများနှင့် စျေးဝယ်သူများ အား နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်း ဆောင်ရွက်

တွံတေး ဇွန် ၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၌ကိုဗစ် ၁၉ ရောဂါ ကာကွယ်ရေး အတွက် လမ်းသွား လမ်းလာများ၊ စည်ပင်သာယာမြို့မစျေးကြီး စျေးရောင်းချသူများနှင့် စျေးဝယ်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ကျန်းမာရေး အသိပညာပေး အရှိန်အဟုန်မြှင့်တင်ရေး လှုပ်ရှားမှု ဆောင်ရွက်ခြင်းကို ယနေ့နံနက်၈နာရီက ကျောက်တိုင်မီးပွိုင့်လမ်းဆုံ၊ စည်ပင်သာယာ မြို့မစျေးရှေ့၊ ဆေးရုံရှေ့တို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌကျော်မြင့်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး ဇာနည်အောင်မြို့နယ် ကျန်းမာဦးစီးဌာနမှူး ဒေါက်တာမျိုးဇော်လှမြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာ ရေးမှူးအဆင့် (၁)ဦး လှစိုးမြို့နယ် စည်ပင်သာယာ အမှုဆောင် အရာရှိ ဦးတင်အောင်စိုး၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများ ကျန်းမာရေး ဝန်ထမ်းများ လူမှုရေး အသင်းအဖွဲ့များက ကျောက်တိုင်မီးပွိုင့်လမ်းဆုံ၊ စည်ပင်သာယာမြို့မ စျေးကြီးရှေ့နှင့် ဆေးရုံရှေ့ တို့တွင် ခရီးသွားပြည်သူများ စျေးရောင်းချသူ များနှင့် စျေးဝယ်သူများအား နှာခေါင်းစည်း (Mask)နှင့်မျက်နှာအကာအကွယ်(Face Shield) များ တပ်ဆင်ရေး ၊ စျေးရောင်း ချသူများ လိုက်နာရမည့် စည်းကမ်းချက်များ၊ စျေးဝယ်သူများလိုက်နာရမည့် စည်းကမ်းချက်များ အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များ အတိုင်း လိုက်နာဆောင်ရွက်ရေး၊ ကုသရေးထက် ကြိုတင် ကာကွယ်ရေးက ပိုမိုထိ ရောက် ကြောင်းကို Hand Speaker ဖြင့်အသိပညာပေးခြင်း လက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေခြင်း ၊ နှာခေါင်းစည်း(Mask)များ ဖြန့်ဝေခြင်း ကိုဗစ် ၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များ နှင့်အညီ လိုက်နာ ဆောင်ရွက်ရေးအတွက် တာဝန်ရှိသူများက အသိပညာပေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မျိုးလှိုင်( တွံတေး)