ငဖဲ ဇွန် ၅
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင် ရေး၊ ကူးစက်ပျံ့ပွားမှုမရှိစေရေးအတွက် ငဖဲမြို့ပေါ်လူစည်ကားသော နေရာများဖြစ် သည့် ငဖဲမြို့မစျေး၊ လ္ဘက်ရည်ဆိုင်များ နှင့် ကျောင်းတွင်းရပ်ကွက်လမ်းဆုံတို့တွင် နှာခေါင်းစည်း (mask) များ အခမဲ့ဖြန့်ဝေခြင်း နှင့်ကျန်းမာရေးအသိပညာပေးခြင်းများကို ယနေ့နံနက် ၆ နာရီအချိန်က ပြုလုပ် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ငဖဲမြို့နယ်ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှိုင် နှင့်အဖွဲ့ ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာထင်ကျော် နှင့်ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များပူးပေါင်း၍ ငဖဲမြို့မ စျေးအတွင်းရှိစျေးရောင်းသူနှင့် စျေးဝယ် လာသူများ၊ လမ်းသွား လမ်းလာ ပြည်သူများ အား နှာခေါင်းစည်း (mask) များ အခမဲ့ ဖြန့်ဝေ ပေးခြင်း၊ကိုဗစ်-၁၉ရောဂါ ဖြစ်ပွား နေစဉ် ကာလအတွင်း ရောဂါ ကူးစက် ပျံ့ပွားမှု မဖြစ်စေရေးအတွက် အပြင်ထွက် သည့်အခါတိုင်း နှာခေါင်း စည်းများတပ်ဆင်သွားလာကြရန် အသိပညာ ပေးပြောကြား ခဲ့ကြောင်း သိရသည်။
မယု (ငဖဲ)