ပဲခူး ဇွန် ၅
ပဲခူးခရိုင်၊ ပဲခူးမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ ဓမ္မာစရိယနှင့် အစိုးရပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့ (၁၂)နာရီအချိန်က ပဲခူးမြို့ ရွှေမော်ဓောဘုရားဝန်း ဗုဒ္ဓအသံဓမ္မဗိမာန်၌ ဆက်လက် ကျင်းပခဲ့သည်။
ရှေးဦးစွာ ဓမ္မာစရိယနှင့်အစိုးရ ပါဠိပထမပြန်စာမေးပွဲကျင်းပရာတွင် ပဲခူးခရိုင်အတွင်းရှိ မြို့နယ်(၈)မြို့နယ်မှ စာဖြေဆို သူများကို ကြီးကြပ်ရေးဆရာတော်များ၊ သီလရှင်ဆရာကြီးများ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ ဌာနဆိုင်ရာများက ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စာဖြေဆို ရဟန်း၊ သာမဏေနှင့်သီလရှင် ဆရာကြီး၊ ဆရာလေးတို့အား ကြီးကြပ်စောင့်ရှောက်ပေးကြသည်။
အဆိုပါ ဓမ္မာစရိယစာမေးပွဲ စတုတ္ထနေ့တွင် သီလက္ခန်နှင့် အဠသာလိနီ စာဖြေဆိုစာရင်း ပေးသွင်းဦးရေ (၄၈၉)ပါး၊ ကြွရောက်ဖြေဆိုသူ (၃၃၈)ပါးနှင့် ပျက်ကွက်သူ (၁၅၁)ပါးရှိကြောင်း တိုင်းသာသနာရေးဦးစီးဌာနမှ သိရသည်။
မျိုးငြိမ်း