အမ်းမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲကျင်းပ

အမ်း ဇွန် ၇

ရခိုင်ပြည်နယ်၊ သာသာနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမ်းမြို့နယ်သာသနာရေး ဦးစီး ဌာနမှ ကျင်းပသော ၂၀၂၁ - ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်က စွယ်တော်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။

အဆိုပါ ပါဠိပထမပြန်စာမေးသို့ ကြွရောက်တော်မူလာကြသော ပါဠိပထမပြန်စာမေးပွဲ နာယက ဆရာတော်ကြီးများ၊ စာမေးပွဲကြီးကြပ်ဆရာတော်များနှင့် စာဖြေသံဃာတော်များကို အနောက် ပိုင်းတိုင်းစစ်ဌာနချုပ်မှ အမ်းတပ်နယ်တပ်ရင်း/တပ်ဖွဲ့ မိသားစုများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြ သည်။

ယင်းနောက် ပါဠိပထမပြန်စာမေးပွဲကို ဆက်လက်ကျင်းပရာ စာမေးပွဲကို ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ အခြေပြုမူလတန်းတွင် ၃၈ ဦး စာရင်းပေးထားပြီးနောက် ပထမကြီးတန်းတွင် ၁ ပါး၊ ပထမလတ်တန်းတွင် ၃ ပါး၊ ပထမငယ်တန်း ၆ ပါး၊ အခြေပြု မူလတန်းတွင် ၉ ပါး၊ စုစုပေါင်း ၁၉ ပါးဖြေဆိုလျက်ရှိပြီး ပျက်ကွက်စာဖြေသံဃာ ၁၉ ပါးရှိ ကြောင်း သိရသည်။ စာဖြေသံဃာနှင့် လူပုဂ္ဂိုလ်များမှာ ယနေ့တွင် မွန်းတည့် ၁၂ နာရီမှ ညနေ ၃ နာရီထိ တစ်ချိန်တည်းဖြေဆိုကြရမည်ဖြစ်ပြီး စာမေးပွဲကာလမှာ ဇွန်လ - ၇ ရက်နေ့မှ ၁၃ ရက်နေ့ထိ ဖြေဆိုကြရမည်ဖြစ်ကြောင်း သိရသည်။

စိုးမင်းထွန်း