သရက် ဇွန် ၇
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ၂၀၂၁ ခုနှစ် ပါဋိပထမပြန်စာမေးပွဲကို ရုံးရပ်ကွက်၊ ရွှေသက်လွတ် ဘုရားဝန်းအတွင်းရှိ သာသနာ့ဗိမာန်တွင် ယနေ့ နေ့လယ် ၁၂ နာရီမှ စတင်၍ ရဟန်း၊ သာမဏေများနှင့် သီလရှင်များ ဖြေဆိုလျက်ရှိသည်။
အဆိုပါ ပထမပြန် စာမေးပွဲကို ဇွန် ၇ ရက်မှ ဇွန် ၁၃ ရက်နေ့အထိ (၇)ရက်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပါဠိပထမပြန်စာမေးပွဲတွင် ပထမကြီးတန်း ရဟန်း(၅)ပါး၊ ပထမလတ်တန်း သာမဏေ(၃)ပါးနှင့် အခြေပြုမူလတန်း ရဟန်း(၃)ပါး၊ စုစုပေါင်းရဟန်း သာမဏေ (၁၁)ပါးတို့ ဝင်ရောက် ဖြေဆိုခဲ့ကြသည်။ စာမေးပွဲ ကြီးကြပ်ဆရာတော်များနှင့် စာဖြေသံဃာတော်များအား အာရုံဆွမ်း၊ နေ့ဆွမ်း အစရှိသည့် ဆွမ်းကွမ်း ဝေယျာဝစ္စများကို မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ လှူဒါန်းလျက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း ထားရှိပေးထားကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)