မြောက်ဦး ဇွန် ၇
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့တွင် ၂၀၂၁ ခုနှစ် ၊ ပါဋ္ဌိပထမပြန်စာမေးပွဲကို ရတနာ့မာရ်အောင်ဓမ္မရိပ်သာကျောင်းတိုက်အတွင်းရှိ ဝိမုတ္တိသုခဓမ္မရုံတော်ကြီး၌ ယနေ့နံနက် ၁၂ နာရီအချိန်မှစတင်၍ အဆိုပါဓမ္မာရုံတော်ကြီးအတွင်း၌ ပါဋ္ဌိပထမပြန်စာမေးပွဲအား စတင် ဖြေဆိုလျက်ရှိကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနရုံးမှ သိရသည်။
ထိုသို့ ပါဋ္ဌိပထမပြန်စာမေးပွဲဖြေဆိုရာ၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညှွန်ချက်များနှင့်အညီ စာဖြေသံဃာတော်များ၊ သီလရှင်များအတွက် လက်သန့်ဆေးရည်များထားရှိပေးခြင်း၊ နှာခေါင်းစည်း Mask များ လှူဒါန်း ပေးခြင်းစသည့် ကာကွယ်ရေးပစ္စည်းများအား အသင့်ဆောင်ရွက်ထားရှိပေးခြင်း၊ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာဝန်ထမ်းများမှလည်း လိုအပ်သော ဆေးဝါးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျှက်ရှိသည်။ အဆိုပါစာမေးပွဲ ပါဋ္ဌိပထမပြန် စာမေးပွဲ ပထမနေ့ဖြေဆိုရာ၌ ဒွေမိတိကာ/ဓမ္မပဒ ပထမကြီးတန်း ၃ ပါး၊ ဒွေမိတိကာ/ဓမ္မပဒ ပထလတ်တန်း ၁၂ ပါး၊ ဘိက္ခုပါတိမောက်/ ဓမ္မပဒ ပထမငယ်တန်း ၁၄ ပါးနှင့် ဝိနည်း ကျင့်ဝတ်/သုကုမာရမဂ္ဂဒီပနီ၊ အခြေပြုမူလတန်း ၂၀ ပါး စုစုပေါင်းစာဖြေသံဃာတော် ၄၉ ပါးဝင် ရောက်ဖြေဆိုလျက်ရှိရာ စာဖြေဌာနရှိ ဆရာတော်ကြီးများမှ ကြီးကြပ်စီမံဆောင်ရွက်လျက်ရှိပြီး ပါဋ္ဌိပထမပြန်စာမေးပွဲကို ဇွန်လ ၇ ရက်နေ့မှ ဇွန်လ ၁၃ ရက်နေ့ထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခင်မောင်ထွန်း