အိမ်မဲ ဇွန် ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြို့မစျေးကြီးတွင် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ပူးပေါင်းအဖွဲ့ကလိုက်လံစစ်ဆေးခြင်းကို ယနေ့နံနက် ၁၁ နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများကပူးပေါင်း၍ စျေးအတွင်းရောင်းချနေသော လဖ္ဘက်ရည်ဆိုင်၊ ခေါက်ဆွဲဆိုင်၊ထမင်းကြော်ဆိုင် အစရှိသည့်မီးသုံးစွဲသည့်ဆိုင်များအား သုံးစွဲပြီးသည့်အခါ စနစ်တကျမီးငြိမ်းသတ်ထားခြင်းရှိမရှိတို့ကို လိုက်လံစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အိမ်မဲမြို့ မြို့မစျေးကြီးတွင် ဆိုင်ခန်းပေါင်း (၄၆၅)ခန်းရှိပြီး မြို့မစျေးကြီး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအနေဖြင့် အပါတ်စဉ် တာဝန်ရှိသူများက ကြပ်မတ်စစ်ဆေးလျက် ရှိကြောင်းသိရသည်။
"ကျွန်တော်တို့အနေနဲ့ အိမ်မဲမြို့မစျေးကြီးအတွင်းမှာ နံနက်ပိုင်းကနေစပြီး မီးသုံးစွဲနေတဲ့ လဖ္ဘက်ရည်ဆိုင်၊ခေါက်ဆွဲဆိုင်၊ထမင်းကြော်ဆိုင် အစရှိတဲ့ဆိုင်တွေကို မီးသုံးစွဲပြီးတဲ့အခါ စနစ်တကျ မီးငြိမ်းသတ်ဖို့နဲ့မီးဘေးအန္တရာယ်ကြုံတွေ့လာပါကတုန့်ပြန်ဆောင်ရွက်ဖို့ မီးသတ် ဆေးဗူးနဲ့ မီးငြိမ်းသတ်ပုံအဆင့်ဆင့်ကိုလည်းတစ်ခါတည်းပြောကြားပေးပါတယ်လို့ "မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)