ဇီးကုန်းမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ စတင်ကျင်းပ

ဇီးကုန်း ဇွန် ၇

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူး၍ နှစ်စဉ် ကျင်းပပြုလုပ်သော ၂၀၂၁ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ အကြီးတန်း၊ အလတ်တန်း၊ အငယ်တန်းနှင့် အခြေပြုမူလတန်း ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုခြင်းကို ယနေ့နေ့လည် (၁၂) နာရီက ပဲခူးတိုင်းဒေသကြီး  ဇီးကုန်းမြို့နယ် မြို့လယ်မြသိန်းရံ စွယ်တော်မြတ်စေတီ ပဌာန်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပါဠိပထမပြန်စာမေးပွဲတွင် ဇီးကုန်းမြို့နယ်မှ ပထမကြီးတန်းတွင် စာဖြေသံဃာ()ပါး၊ ပထမလတ်တန်းတွင် စာဖြေသံဃာ()ပါး၊ ပထမငယ်တန်းတွင် စာဖြေသံဃာ()ပါးနှင့် အခြေပြု မူလတန်းတွင် စာဖြေသံဃာ(၁၄)ပါး၊ စုစုပေါင်း (၂၅)ပါး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး၊ ဇွန် ၇ ရက်နေ့မှ  ၁၃ ရက် နေ့အထိ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး ဇီးကုန်းမြို့နယ် သံဃနာယကအဖွဲ့ ဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်သာသနာရေး ဦးစီးမှူးနှင့် အဖွဲ့ဝင်များက ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယခင်နှစ်က ကျင်းပပြုလုပ်ခဲ့သော ပါဠိပထမပြန်စာမေးပွဲတွင် ဇီးကုန်းမြို့နယ်မှ ပထမကြီး တန်းအောင် သံဃာ(၅)ပါး၊ ပထမလတ်တန်းအောင် သံဃာ(၁)ပါး၊ ပထမငယ်တန်းအောင် သံဃာ (၂)ပါးနှင့် အခြေပြုအောင် သံဃာ(၄)ပါး စုစုပေါင်း စာအောင်သံဃာ(၁၂)ပါး အောင်မြင်ခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)