ထားဝယ်မြို့၊ စည်ပင်သာယာစျေးကြီး၌မီးဘေးလုံခြုံရေးအသိပညာပေးလက်ကမ်းစာစောင် နှင့် စတေကာများ ဖြန့်ဝေပေးလျက်ရှိ

 

ထားဝယ်   ဇွန် ၇

တနင်္သာရီတိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၊ညွှန်ကြားရေးမှူးဦးဇော်လင်းထွန်း၏ကြီးကြပ်မှုဖြင့် မီးဘေး၊ သဘာဝ ဘေးနှင့် အခြားသောဘေးအန္တရာယ်များ အရေးပေါ် ဖြစ်ပွားလာပါက အချိန်မီကူညီတောင်းခံနိုင်ရန် ရည်ရွယ်၍ ခရိုင်/မြို့နယ်များရှိဈေးများ၊ ရပ်ကွက်ရှိနေအိမ်များ၊ အများပြည်သူ သွားလာသောနေရာများတွင် စတေကာနှင့် အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေ ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း တွင် ထားဝယ်မြို့၊ စည်ပင် သာယာစျေးကြီး၌ မီးဘေး လုံခြုံရေး အသိပညာပေး လက်ကမ်း စာစောင်နှင့်စတေကာများ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။

ထိုနောက် တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၊ညွှန်ကြားရေးမှူးဦးဇော်လင်းထွန်း ၊ထားဝယ်ခရိုင်မီးသတ် ဦးစီးမှူး ဦးသိန်းဇော်ဝင်းနှင့် တပ်ဖွဲ့ ဝင်များ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ က ထားဝယ်မြို့၊ စည်ပင်သာယာ စျေးကြီးရှိ စျေးဝယ် သူ/သား၊ Taxiဂိတ်များနှင့်အများပြည်သူသွားလာသောနေရာများ ၌ မီးဘေး လုံခြုံရေး အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေ ပေး ခဲ့ပြီး ကားများနှင့်ဆိုင်ကယ်များတွင် စတေကာ များ ကပ်ပေး ခဲ့ကြောင်း သတင်းရရှိသည်။

 (ထားဝယ်ခရိုင်ပြန်/ဆက်)