ကံမမြို့ အမှတ်(၄)ရပ်ကွက် စံပြလမ်းသွယ်(၆)လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး

 
ကံမ ဇွန် ၈
 
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ အမှတ်(၄)ရပ်ကွက် စံပြလမ်းသွယ်(၆) လမ်းအား မြေသားလမ်းအဖြစ်မှ ကွန်ကရစ်လမ်းအဖြစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အဆင့်မြှင့်တင် ပြုလုပ် ဆောင်ရွက်လျက်ရှိရာ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။
 
အဆိုပါဆောင်ရွက်ခဲ့သောကွန်ကရစ်လမ်းမှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မြို့နယ်စည်ပင် သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း အသုံး စရိတ်ရန်ပုံ ငွေမှ ငွေကျပ် ၈၄ သိန်း ဖြင့် လမ်းအကျယ် ၁၂ ပေ၊ အရှည်ပေ ၄၀၀ နှင့်အနက်ထု ၈ လက်မအား ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ယခင်ကမြေသားလမ်း ဖြစ်ပြီး မိုးရာသီကာလ၌ လမ်းသွားလမ်းလာများ အခက်အခဲများရှိခဲ့သော်လည်း ယခုအခါ ရာသီမရွေး လွယ်ကူချောမွေ့စွာ သွားလာနိုင်မည်ဖြစ်ကြောင်း ကံမမြို့နယ်စည်ပင်သာယာရေးအဖွဲထံမှ သိရသည်။
 
ကျော်ဇေယျဝင်း(ကံမ)