ငရုတ်ကောင်း ဇွန် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ရှိအခြေခံပညာကျောင်း ရာနှုန်းပြည့် တက်ရောက်သင်ကြားနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး စောအောင်သိုက်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးမောင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာလက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်အောင်တို့က ယနေ့နံနက်ပိုင်းကလိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူးကြီးစောအောင်သိုက်က ကျောင်းသူ/ သားများ ရာနှုန်းပြည့်တက်ရောက်သင်ကြားနိုင်ရေးအတွက်ကျောင်းသူ/သားများ၏လိုအပ်ချက်များနှင့် အခက်အခဲများကို အဓိကလုပ်ဆောင်သွားရန်မှာကြားပြီး ကျောင်းသားမိဘများနှင့် ကျောင်းကော်မတီဝင်များက ကျောင်း၏လိုအပ်ချက်များကို တင်ပြကြရာ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကျောင်း၏လိုအပ်နေမှုများကို အမြန်အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပြီးနောက်အခြေခံပညာကျောင်းများ လိုက်လံစစ်ဆေးဆောင်ရွက်ရာတွင် ကိုဗစ်၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ တက်ရောက်သင်ကြားနိုင်ရေး၊ လုံခြုံရေး ထားရှိထားရှိမှုအခြေအနေများ၊ ပညာသင်ကြားရာတွင် နှောင့်ယှက်ခြိမ်းခြောက်မှုများ ရှိ/မရှိ လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)