အင်္ဂပူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၌ ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး

အင်္ဂပူ   ဇွန်     ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနအိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးကို ယမန်နေ့နံနက် ၉ နာရီ၃၀မိနစ်က မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာသို့ မြို့နယ်စံမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် မြို့နယ်အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်နိုင် ဦးဆောင်အဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့နှင့်ကျေးရွာစခန်းများအတွင်း နေထိုင်ကြသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူကျား(၅)ဦး၊ အမျိုးသမီး (၇)ဦး၊ စုစုပေါင်း (၁၂)ဦးတို့ကို နိုင်ငံသားစိစစ်ရေးများ ဆောင်ရွက်ပေးခဲ့ပြီးအိမ် ထောင်စုစာရင်းပြုလုပ်သူ(၂၀)ဦးတို့အား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)