ညောင်ရွှေ ဇွန် ၈
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုတွင် အကြောင်း အမျိုးမျိုးကြောင့် ကျန်ရှိနေသူများအား ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံမှုအား ညောင်ရွှေမြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာသစ်လွင်သိန်း ဦးဆောင်သည့် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် ယခုအကြိမ်အတွက် ကာကွယ်ဆေးလုံးရေ(၃၀၀)အား ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
စိုင်းအယ်ဘဲ